Showing posts with label ခိုင်ဘိုဘို. Show all posts
Showing posts with label ခိုင်ဘိုဘို. Show all posts

သတ္တိသွေး

လေတိုက်တိုင်းသာ ပန်းကြွေပါမူ
ဘယ်မှာ ပန်းများ ကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ ကမ်းများ ကျန်မည်နည်း။

ဝမ်းနည်းတိုင်းသာ မျက်ရည်ကျမူ
ဘယ်မှာ မျက်ရည် ကျန်မည်နည်း။

ခြောက်လှန့်တိုင်းသာ ကြောက်နေပါမူ
ဘယ်မှာ ကြောက်၍ ကုန်မည်နည်း။

တိုက်တိုင်းမကြွေ ပုတ်တိုင်းမပြို
နည်းတိုင်းမကျ ခြောက်တိုင်းမကြောက်
ရဲရဲတောက်သွေး စွေးစွေးနီသား
မြန်မာပြည် ကျားဟေ့။



Read More..


Read More...