Showing posts with label နာဂစ်အလွန် မြန်မာပြည်. Show all posts
Showing posts with label နာဂစ်အလွန် မြန်မာပြည်. Show all posts

နာဂစ်အလွန် မြန်မာပြည်

နာဂစ်အလွန်မြန်မာပြည်- ပြည့်တန်ဆာများနှင့် သူတောင်းစားများ တိုးပွားလာ
နာဂစ်အလွန် အထွေထွေ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးအကြပ်အတည်းများနှင့် ရင်ဆိုင်နေ
ရသောမြန်မာပြည်တွင် စစ်အစိုးရဝါဒဖြန့် စာနယ်ဇင်းရုပ်သံတို့က အမှန်တရားကို အမှောင်ချထားရန်အစွမ်း
ကုန်ကြိုးစား နေသော်လည်း ရန်ကုန်မြို့လမ်းမပေါ်ရှိ ကားမှတ်တိုင်များတွင် နံနက်မိုးလင်းကတည်းက လမ်း
သလားနေသော ပြည့်တန်ဆာများကိုမူ မည်သို့မျှတားဆီးဖုံးကွယ်ထားရန် မဖြစ်နိုင်ကြောင်း တွေ့နေရသည်။
'မြို့ထဲဆိပ်ကမ်းသာလမ်းထိပ်မှတ်တိုင်မှာ သူတို့အယောက် ၂ဝ လောက် ဖောက်သည်ရှာနေကြ
တယ်ပေါ့ဗျာ။ အသက် ၁၆ နှစ်ကနေ ၂ဝ ကြားက ၁ဝ ယောက်၊ ကျန်တာက ၃ဝ ဝန်းကျင်၊ ၄ဝ လောက်ရှိတဲ့
အမျိုးသမီးတယောက်လည်း အဲဒီအုပ်ထဲမှာပါတယ်' ဟု မျက်မြင်ကြုံခဲ့ရသူ တစ်ဦးက ပြောပြခဲ့သည်။
ယခင်ကတည်းက ပြည့်တန်ဆာလုပ်ငန်းမှာ တရားမဝင် လှုပ်ရှားနေကြသော်လည်း ယခုကဲ့သို့
ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လာကြခြင်းမရှိပေ။ အနှိပ်ခန်းများ၊ တည်းခိုခန်းများကို အခြေပြုပြီး လှုပ်ရှားကြခြင်း
ဖြစ်ပြီး နာဂစ်မုန်တိုင်းအပြီးတွင် လမ်းပေါ်သို့ ခန္ဒာကိုယ်ကို ရင်းနှီးပြီး စားဝတ်နေရေးဖြေရှင်းရသော အမျိုးသမီး
များ အရေအတွက် အများအပြား ရောက်ရှိလာကြသည်ကို တွေ့ရသည်။

Read More...